Tuesday, November 18, 2008

ဗမာပြည်ရဲ့ ဗိုလ်ချုပ်
တိုင်းပြည်ကို
အုပ်ချုပ် မင်းလုပ်နေတဲ့
ယခုဗိုလ်ချုပ်တွေလို
ကိုယ့်ကိုကိုယ် ရာထူးမပေး
လူထု ဆီက အာဏာမသိမ်း
လူထုကို မခြိမ်းချောက်
လူထု စည်းစိမ်ကို မလု
ရတာလေးနဲ့ရောင်ရဲ
ဘ၀မှာ ကိုယ်ကြိုးထက်
တိုင်းပြည် အကြိုး
ပိုပြီး ဦးစားပေးခဲ့
အသက်ကို
တိုင်းပြည်ပုံအပ် စွန့် လွှတ်
တကယ့်အာဇာနည်
ဗိုလ်ချုပ် တို့ တိုင်းပြည်မှာ
တကယ်ရှိ
နအဖ အာဏာရှင်တွေ
ကိုယ့်ကိုကိုယ် မရှက်
ကိုယ့်ကိုကိုယ် အာဏာပေး
နောက်ဆုံးတချိန်
ဒီလိုအဏာရှင်တွေ
ပြည်သူမပြောနဲ့ 
လမ်းဘေး ခွေးလေ့ခွေးလွှင့်
ဟောင်ရမှာတောင် ရှက်လိမ့်။

No comments: