Wednesday, November 26, 2008

26/11/08
10 pm
India နိုင်ငံ Mumbai မြို့မှ ပေါက်ကွဲမှု

ယမန်နေည ၁၀နာရီဝန်းကျင်လောက်မှာ Mumbai မြို့ ရှိ Victory Terminals မီးရထားဘူတာရုံမှာ အကြမ်း ဖက်သေနတ်သမား နှစ်ဦး ၀င်ရောက်ပြီး သေနတ်အပါအ၀င် လက်ပစ်ဗုံးများနှင့် ပစ်ခတ်သွားခဲ့ပါသည်။
Gate way of India နှင့် မျက်နှာချင်းဆိုင်ရှိ Taj Mahal Hotel မှာ လည်း အကြမ်းဖက်သမားများ ၀င်ရောက် ပြီး
ခြောက်နေရာလောက်ကို ဖောက်ခွဲပစ်ခဲ့ကြပါသည်။ အခင်းဖြစ်ပွားစဉ် ရဲများရောက်ရှိလားပြီး အပြန်အလှန် ပစ် ခတ်မှု့အတွင်း ရဲခြောက်ယောက်ကျဆုံးသွားပြီး အကြမ်းဖက်သမားနှစ်ဦးကျဆုံးသွားကြောင်း နောက်ထပ်နှစ်ဦး Hotel အတွင်း ကျန်နေသေကြောင်း သတင်းရှိပါသည်။ ယခုချိန်ထိ သိရသလောက် ၇၈ ဦးသေဆုံးသွားပြီး ၂၀၀ ကျော်ဒဏ်ရကြောင်း သိရပါသည်။
၎င်းအကြမ်းဖက်မှု့ကို အမေရိကန် လက်ရှိ Prisedent W. Bush နှင့် ရွေးကောက်ခံ Prisedent Obama တို့က အပြင်းအထန် ရှုပ်ချခဲ့ကြောင်း ကြေငြောချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ မိမိ ပြည်သူများကို အကြမ်းဖက် အုပ် ချုပ်နေပြီး India အစိုးရနှင့် အလွမ်းသင့်နေသည့် ဗမာပြည်စစ်အစိုးရကမူ ၄င်းCase နှင့်ပတ်သက်ပြီး တစုံတ ထုတ်ပြန်ကြောင်း မကြားသိရပေ။

No comments: